စုပေါင်းလုပ်ဆောင်ကြစို့

ဒီဘလောဒ်ကို သတင်းရေးဖို့ တည်ထောင်ထားချင်းမဟုတ်ပါ ကျနော်ရဲ အမြင်းလေးတွေ နဲ့ ညီးကိုမောင်နှမတို့ မိတ်ဆွေအားလုံးတို့ရဲ အမြင်လေးတွေကိုဖေါ်ပြ ဖလှယ်နိုင်အောင် ရည်ရွယ်တည်းထောင်ထားခြင်းဖြစ်ပါသည် ကျနော်တယောက်တည်းနဲ့လည်း နေစဉ်ပို့မတင်နိုင်ပါ အမိ မြန်မာနိုင်ငံကိုပျက်စီးရာပျက်စီးကြောင်ကြံရွယ်လုပ်ဆောင်နေတဲ့ ဘလောဒ်များစွာကိုလည်း ချေပရေးသားရန်လိုအပ်နေပါသည် သို့ကြောင်းဝိုင်းဝန်းကူညီးရေးသားကြပါရန်ပန်ကြာအပ် ပါသည် ။
free glitter text and family website at FamilyLobby.com ဆွေးနွေးလိုက Mthitsar.1981 သို့ ဆက်သွယ်ပါ

Tuesday 15 November 2011

စောက်တလွဲလုပ်ရပ်များ

 ကြားလိုက်ပြန်ပြီး မသက်မသာပဲ မြစ်ကြီးနား ဗုံးပေါက်လို့တဲ့ တဖန် KIA လဲအစိုးရတပ်ကို မန်ဝိန်းကြီးကျေရွာနားက လွယ်ဟိုစေတောင်ရှိ အစိုးရမြေအောက်စခန်းကိုတိုက်တာ ဗိုမှုးတစ်ဦးမပါအ၀င် တပ်သားငါဦးလောက် ကျပြန်သတဲ့ ဗျာ တဖန်ကြူကုတ်ပန်ဆိုင်းနဲ့ နမ်းခန်မြို့တွေမှာလဲ ဗုံးတွေပေါက်တာ ရဲအရာရှိတဦးသေပြီး တခြားခြောက်ယောက်လောက် ဒဏ်ရာရသတဲ့ ကဲမသက်မသာပါလား ဒီသတင်းတွေကို အစိုးရကိုထာဝရဆန့်ကျင်လာတဲ့ ၀က်ဆိုဒ်တချို့က အားရပါရတင်ပြလာတာပါ ကဲဗျာ ဟုတ်သော်ရှိမယ် အဟုတ်သော်လည်းရှိမယ် ဘာလို့ ဒီလိုဖြစ်ရတာလဲကိုစဉ်းစားပြီး အခြေရှာကြရအောင် ဒီး ဗုံးပေါက်တာတွေနဲ့ ပါတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အဖွဲ့အစီးတွေကတော့ သိတော်မှုကြတဲ့ အတိုင်းပါပဲ ကချင်ပြည်နယ်က KIO တို့ ရှမ်းပြည်နယ်က SSAတို့ ပဲရှိတယ် ဘာလို့ ဒီလိုလုပ်လဲဆိုတာတော့ နည်းနည်းရှည်ရှည်ပြောမှ ဖြစ်လိမ့်မယ် 
        ယနေ့ မြန်မာအစိုးရဟာ နိုင်ငံတကာအလယ်မှာ လူထုထောက်ခံမှု့နဲ့အတူ ပျော့ပြောင်းတဲ့ အသွင်နဲ့ ရပ်တည်လာနိုင်တာကို ကျနော်တို့ တွေ့မြင်နိုင်ပါတယ် တချိန်က လုံးဝဆန်ကျင်ဘက် ဖြစ်နေတဲ့ အမေရိကန်နိုင်ငံနဲ့ ခုအစိုးရလက်ထက်မှာ သိသာထင်ရှာတဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု့တွေ ကိုလူတိုင်းတွေ့မြင်နိုင်ပါတယ် အရှေ့တောင်အာရှ အာ စီ ယန် ကလည်းမြန်မာနိုင်ငံကို အာစီယံ ဥက္ကဌဖြစ်ရေးထောက်ခံလာတာကိုတွေ့ရပါတယ် မလေးရှာ ၀န်ကြီးချုပ်ဟောင် မဟာသီ ဟာလဲ အပြန်သတင်းစာရှင်လင်းပွဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တို့ တတ်လာနေတဲ့ အပေါ် ချက်ချင်းရင်းနှီး မြုပ်နှံသင်တယ်ဆိုတာကို တိုက်တွန်းပြောကြားခဲ့ပါတယ် ယနေ့ မြန်မာနိုင်ငံ ရဲ ပြုပြင်ပြောင်းလွဲ့မှု့ နဲ့ အစိုးရသစ်ကို နိုင်ငံတကာက လက်ခံလာနေပါတယ် အဲလိုလက်ခံအသိမှတ်ပြုလာနေတဲ့ အပေါ်ကို  ပြည်တွင်း အဖျတ်သမားအုပ်စိုတွေလုံးဝမလိုလားပါဘူး 
    အဘယ်ကြောင့်ဆိုသော် သူတို့ရဲ သက်တန်းကြာရှည်စွာ လက်နက်ကိုင် ဆိုးသွမ်းနေတဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ မြန်မာအစိုးရကို ထောက်ခံမှု့နဲ့ အတူ မကြာမှီမှာ မှေးမိန်ပျောက်ကွယ်ရတော့မှာ မိုလို့ပဲ ဖြစ်ပါတယ် အဲလိုသဘောပေါက်လာတဲ့ ထိုလက်နက်ကိုင်အဖွဲ့ အစီးတွေဟာ ပြည်တွင်းမှာ မငြိမ်းသက်သေးပါဘူး အစိုးရသစ်ဟာ ထိုးစစ်ကြီးတွေ ဆင်နွဲနေးပါတယ် ပြည်သူထုကိုသတ်နေပါတယ်လို့ နိုင်ငံတကာ အမြင်မှားအောင် ပြည်တွင်မှာ အခွင့်သင်သလို အစိုးတပ်တွေကို ချုံခိုးနေပါတယ် လစ်ရင်လစ်သလို မြို့ တွေဝင်းပြီး ဗုံးတွေခွဲနေပါတယ်  သူတို့ ရဲ နိုင်ငံတကာငွေးကြေးနဲ့ မှီခိုနေရတဲ့ ၀က်ဆိုဒ်သတင်း ဌာနတွေကလည်း ဒီလိုလုပ်ရပ်တွေကို သဘောကြတဲ့ သဘောရှိပါတယ် ဒါမှ မြန်မာအစိုးရကို ဆန့်ကျင် တဲ့ သတင်းများများရမယ် သတင်းများများရမှ သူတို့ သတင်းဌာနတွေ ကူညီထောက်ပန့်ကြေးနဲ့ ရှေ့ဆက်ရပ်တည် နိုင်မှာပါ တကယ်လို့ သာ ဒီသတင်းတွေမရှိ အကြာရပဲ မြန်မာပြည်အေးချမ်းတည်ငြိမ်လာပြီး သူပြည်တွေအဆင်ပြေနေပါပြီး ဘယ်လိုတိုးတတ်လာပါပြီး လို့သား ရေးနေမယ်ဆိုရင် ဒီသတင်း ဌာနကလူတွေ ထမင်းငတ်ကုန်ကြမှာ သေခြာပါတယ် 
      လက်နက်ကိုင်းအဖွဲ့ အစီးတွေအကြောင်းကို ပြန်ဆက်ရရင်  ဒီအဖွဲ့ အစီးတွေဟာ များမကြာမှီလုံးဝချုပ်ညိမ်းပျောက်ကွယ်တော့မယ်ဆိုတာသေခြာသလောက်ဖြစ်နေပါပြီး  အခုလက်ရှိအခြေ သုံးသက်ကြည့်ရင် မြန်မာ တနိုင်ငံလုံးရဲ လူထုထောက်ခံမှု့ဆယ်ရာခိုင်နှန်းနဲ့  ရပ်တည်နေတဲ့ လက်နက်ကိုင်အဖွဲ့အစီး ဆိုတာ ဘယ်အဖွဲ့ အစီးမှ အရှိပါဘူး လက်ရင်လစ်သလို ဘိန်းလုပ် သစ်ခိုးသတ္ထုခိုး  အပြစ်ရပ်ထားစဉ်ကလဲ အစိုးရရဲ လုပ်ပိုင်ခွင့် ပါမစ်တွေချပေးထားတဲ့ အပေါ်မှီခိုရပ်တည်နေရတာပါ တကယ်လို့သာ မြန်မာနိုင်ငံဟာ ဒီထက်ပိုပြီး အပြုသဘောဆောင်လာမယ် စီးလုံးညီညွှတ်လာမယ် နိုင်ငံတကာထောက်ခံမှု့တွေရလာမယ်ဆိုရင် ဒီအဖွဲ့ စီးတွေဟာ ပြေးစရာမြေမရှိ ပြောစရာစကားမရှိနဲ့ ဇာတ်သိမ်းရတော့မှာပါ ခုတော့ သူတို့ ရဲနောက်ဆုံးထွက်သက်ကို အစွမ်းကုန်ကာကွယ်တဲ့အနေနဲ့ နိုင်ငံတကာမြန်မာနိုင်ငံ အပေါ်အထင်လွဲ အမြင်လွဲဖြစ်အောင် ပြည်သူကိုဗုံးထောင် စစ်တပ်ကို ချုံခို ပြီး အဖြစ်စလောက် အတွေးနဲ့ လူတစုကို ပြည်သူလို့ ကမွန်းတပ်ပြီး နိုင်ငံတကာကိုပါ လူလယ်လုပ်ချင်နေပါတယ် ချင်တဲ့ သဘောနဲ့ ကုလ ကိုပါစာတင်တာတို့ ဘာတို့ လျှောက်လုပ်ပြီး ကလိမ်းကကျစ်ကြနေပါတယ်  သို့သော် ထိုလက်နက်ကိုင်အဖွဲ့ များသည် ဘယ်သောအခါမျှ မြန်မာပြည်သူ လူထုဧ။် အသိမှတ်ပြုချင်းကို ရရှိလိမ်းမည်အဟုတ် ဆိုသည်ကတော့ သေချလျှက်ရှိပါကြောင်း
                                                              ပုံ

                                                                         ရေစိမ်ပွကြီး





















No comments:

Post a Comment