စုပေါင်းလုပ်ဆောင်ကြစို့

ဒီဘလောဒ်ကို သတင်းရေးဖို့ တည်ထောင်ထားချင်းမဟုတ်ပါ ကျနော်ရဲ အမြင်းလေးတွေ နဲ့ ညီးကိုမောင်နှမတို့ မိတ်ဆွေအားလုံးတို့ရဲ အမြင်လေးတွေကိုဖေါ်ပြ ဖလှယ်နိုင်အောင် ရည်ရွယ်တည်းထောင်ထားခြင်းဖြစ်ပါသည် ကျနော်တယောက်တည်းနဲ့လည်း နေစဉ်ပို့မတင်နိုင်ပါ အမိ မြန်မာနိုင်ငံကိုပျက်စီးရာပျက်စီးကြောင်ကြံရွယ်လုပ်ဆောင်နေတဲ့ ဘလောဒ်များစွာကိုလည်း ချေပရေးသားရန်လိုအပ်နေပါသည် သို့ကြောင်းဝိုင်းဝန်းကူညီးရေးသားကြပါရန်ပန်ကြာအပ် ပါသည် ။
free glitter text and family website at FamilyLobby.com ဆွေးနွေးလိုက Mthitsar.1981 သို့ ဆက်သွယ်ပါ

Wednesday 30 November 2011

လေးစားစရာ ခေါင်းဆောင်းကြီးစောဘဦး

k-b
စောဘဦးကြီးသည် ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန် မြို့ အလုံ မစ်ရှင်လမ်းရှိ ကရင်အမျိုးသားကလပ်တွင် ထမင်းစားပွဲတရပ် ကျင်းပသည်။ ထမင်းစားပွဲသို့   နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု နှင့် ကချင်၊ ရှမ်း၊ မွန်၊ မြန်မာ၊ စသည့် ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်။ ယင်းချစ် ကြည်ရေးထမင်းပွဲတွင် စောဘဦးကြီးက မိန့်ခွန်းတရပ် ပြောကြားရာ ကောက်နှုတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
“သခင်နုနဲ့ ကျနော် ကျွေးမွေးတဲ့ ထမင်းရာဇ၀င်ကတော့ အတော်ရှုပ်သားပဲ။ စတာကတော့ ဟိုးအရင် ကရင်-ဗမာ အဓိကရုဏ်းက စခဲ့တာပဲ။ ဂျပန်ခေတ်ကလွဲလို့ သခင်နု နဲ့ ကျနော်ဟာ လူချင်းခပ်လှမ်းလှမ်းပဲ နေခဲ့ကြပါတယ်။ လပွတ္တာမြို့ နယ် ကရင်-ဗမာ အဓိဂရုဏ်း ဖြစ်တော့မယ်လို့ သတင်းတွေဖြစ်လာတဲ့အခါ သခင်နုက ကျနော့်ထံ စာပေးခေါ်ပြီး လပွတ္တာကို သွားပြီး တရားဟောဖို့ အရေးကြီးကြောင်း ပြောတော့ ကျနော်သဘောတူလိုက်ပါတယ်။ ဘာကြောင့် သဘောတူလဲဆိုတော့ (အကြံတူရန်သူ၊ အကျိုးတူမိတ်ဆွေ) ဆိုတဲ့ စကားပုံအတိုင်း အဓိဂရုဏ်းမလိုလားတဲ့ အကျိုးက တူနေတာကိုး။ ကရင်-ဗမာအဓိဂရုဏ်းတော့ ဘယ်တော့မှ မဖြစ်ရဘူးဆိုပြီး ကျနော်တို့ သွားခဲ့ကြတဲ့အခါမှာ စောသာဒင်၊ မန်းဂျိမ်းထွန်းအောင်၊ ဆမားဒူးဝါး ဆင်ဝါးနောင်၊ ဦးဝမ်းသူမောင် တို့လဲ ပါကြပါတယ်။ (၇) ရက်လောက် အတူသွားမိတဲ့အခါ
သခင်နုနဲ့ ကျနော်ဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ ယုံကြည်မှုရှိလာပြီး ပိုမို ရင်းနှီးပြီးတော့ မိတ်ဆွေရင်းကြီး ဖြစ်လာတာပါပဲ။
စကော့တလန်ပြည် ဟိုင်းလင်းဒါးလူမျိုးများဟာ ဧည့်သည်မိတ်ဆွေများကို ကျွေးမွေးတဲ့အခါ ဆားပါလေ့ရှိကြပါတယ်။ အဲဒီ ဆားကို စားတဲ့သူဟာ ဘယ်တော့မှ မကောင်း မကြံအပ်ဘူးလို့  အယူရှိပါတယ်။ ဗမာပြည်တောင်ပေါ်များမှာလဲ သူ၏ထမင်းကို စားပြီးရင် မကောင်းမကြံအပ် ဘူးဆိုတာ ရှိပါတယ်။ မြေညီမှာလဲပဲ (ခင်ဗျားကို ကျနော်မပြစ်မှားပါဘူး၊ ခင်ဗျားကြွေးတဲ့ ထမင်းဟာ ကျုပ်လည်ပင်းထဲမှာ ရှိပါသေးတယ်) ဆိုတဲ့ စကားနဲ့ (ကျေးဇူးရှင် ကျေးမစွပ် ကောင်းဘူး)ဆိုတဲ့  စကားပုံများလဲ ရှိပါတယ်။ (၇) ရက်ကြာမျှ ခရီးထွက်ကြစဉ်အခါက သခင်နု က ကျနော့်ကို ကျွေးမွေးခဲ့တဲ့ ကျေးဇူးရှိပါတယ်။ သခင်နုဟာ ကျနော့်အိမ်ကို ကြွလာလိုသော်လဲ အိမ်က တဲကုပ်ကလေးဖြစ်လို့  မဖိတ်ကြားခဲ့ရဘူး။ ယခုအခါတော့ ကျနော်က ဖိတ်ထားလို့  ကျနော်တဲကုပ်ကို သခင်နုရောက်ခဲ့ပါပြီ၊ ယခုအခါမှာလဲ သခင်နုကို ကျနော်က ကျွေးရပြန်ပါပြီ၊ ဒါကြောင့် ယခုတော့(သူ့ ကျွေး၊ ကျနော်ကျွေး) ဖြစ်ရပါပြီ၊ ဒါဟာ တစ်ဦး နဲ့ တစ်ဦး အပြန်အလှန် ကျွေးမွေးကြတဲ့ရာဇ၀င်ပါပဲ။
ကျနော်ဟာ ကြွားမပြောလိုပါဘူး၊ ဗမာပြည်အတွင်းမှာ အတော်အနှံ့ အပြားရောက် ခဲ့ဖူးပါတယ်။ ပြည်ပ ဆိုရင်လဲ အရှေ့ ဘက်၊ အနောက်နဲ့ မြောက်ဘက်တိုင်းပြည်များကိုလဲ ရောက်ခဲ့ဖူးပါ တယ်။ ဒီလိုရောက်ခဲ့ဖူးတဲ့အတွက် (ကိုယ့်ဒူးတောင် ကိုယ်မယုံရဘူး)ဆိုတဲ့ ဗမာစကားပုံတစ်ခု ကို စဉ်းစားမိပါတယ်။ ကိုယ့်ဒူးတောင် ကိုယ်မယုံရင် အခြားသူကို ယုံရမှာလား။ တိုင်းရင်သားအချင်းချင်းဟာ ကိုယ့်ဒူးဖြစ်ပါတယ်။ အခြားလူဆိုတာက အင်္ဂလိပ်၊ အမေရိကန်၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံများဖြစ်ပါတယ်။ သည်တော့ ကျနော်ပြောလိုတာက မယုံရသူကို အား မကိုးသင့်ဘူး။ ကျနော်လဲ အားမကိုးပါဘူး။ ခင်ဗျားတို့ လဲ အားမကိုးကြပါနဲ့ ။
နိုင်ငံခြားသားတစ်ယောက်က (ခင်ဗျားတို့ တိုင်းပြည်ကို မအုပ်ချုပ်ချင်ပါဘူး ကုန်ကူးလိုတာ ပါပဲ) ကျနော့်ကို ပြောဖူးပါတယ်။ အမှန်တော့ ပြည်ပမှ လူတွေဟာ ကုန်သည်ချည်းပါပဲ။ ကုန်သည် ဆိုပေမဲ့ ကုန်သည်ရိုးရိုးမဟုတ်ဘူး၊ (ကုန်သည်သာမက အကုန်သည်မှာ) အခု တစ်ခေါက် သူတို့ ပြန်လာရင်တော့ အကုန်ပဲ။ တချို့  အင်္ဂလိပ်လက်အောက်ပြန်ဝင်ချင်လို့  ထင်ကြသေးတယ်။ ကျနော်တို့  ဒီလောက်အထင်မသေးပါဘူး။ သူတို့ အကြောင်း ကျနော် ပိုသိ ပါတယ်။ ဒါကြောင့် ကျနော် ခပ်ရှင်းရှင်းနေခဲ့ပါတယ်။ သူတို့ ကို အားမကိုးပါဘူး။ ဒါတင်မက သေးဘူး၊ “ကျနော်လိုလားတဲ့ သီးခြားပြည်နယ်အတွက် ဆောင်ရွက်တဲ့နေရာမှာ မတရား ဘယ် တော့မှမ လုပ်ပါဘူး”။ တရားလမ်းရှိတဲ့အတိုင်း ဆောင်ရွက်သွားမှာပဲ။
ကျနော်တို့  ကရင်အမျိုးသားများကို သတိပေးလိုတဲ့ အချက်များလဲ ရှိပါတယ်။ မိမိတို့  လိုတဲ့ သီးခြားပြည်နယ်တော့ ရှိပါပြီးဆိုပါတော့။ မိမိတို့ ဟာ ဒီသီးခြားနယ်နဲ့  တန်ရဲ့ လား၊ မတန်ရင် ဒီသီးခြားနယ်တောင်းဖို့  ကောင်းမလားဆိုတဲ့ အချက်ကိုလဲ အထူးစဉ်းစားဖို့ လိုပါတယ်။ ခင်ဗျားတို့ ကရင်များဟာ သီးခြားနယ်နဲ့ တန်ရဲ့ လားလို့ မေးရင် တန်တယ်လို့ ပြောကြလိမ့်မယ်။ ခင်ဗျားတို့ နယ်ကို ဘယ်သူအုပ်ချုပ်မလဲ မေးရင် ကရင်ပဲ အုပ်ချုပ်မယ်။ ကရင်မှ မအုပ်ချုပ်ရင် ဘယ်ဖြစ်မလဲပြောကြလိမ့်မယ်။ ခင်ဗျားတို့ နယ်ကို ဓါးပြ လူဆိုးတွေ အုပ်ချုပ်ရင် ကြိုက်မလားလို့  မေးရင် မကြိုက်ဘူးလို့  ဖြေကြလိမ့်မယ်။ ခင်ဗျားတို့ ကိုယ်တိုင်က သူခိုးဓါးပြ တွေဖြစ်နေရင် ဒီသီးခြားနယ်နဲ့ ခင်ဗျားတို့ နဲ့ တန်မလား။ မတန်ဘူးလို့  ဆိုရမယ်။ ဒါကြောင့် ကျနော် သတိပေးလိုတာက သီးခြားနယ်နှင့်နေလိုကြရင် သီးခြားနယ်နဲ့ တန်အောင်နေကြပါ။
သူခိုးဓါးပြမျိုးဖြစ်နေကြရင်တော့ သီးခြားနယ်နဲ့  မတန်သေးဘူး။ ဒါခင်ဗျားတို့  အထူးစဉ်းစား ကြပါ။
မအူပင်ငွေတိုက်ကို ဖေါက်သွားသူများဟာ ကရင် (၁၉)ယောက် ဖြစ်တယ်။ ကြားရတာ စိတ်မကောင်းပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဥပမာလေးတစ်ခု ပြောပြလိုပါတယ်။ မြောင်းမြနယ် သိလ္လာ ဆိုတဲ့ ရွာတစ်ရွာမှာ အသက် (၆၀)ကျော် ဦးလွန်းဘော် ဆိုတဲ့ အဘိုး ကြီးတစ်ယောက်ရှိတယ်။ သားသမီး (၁၂)ယောက် မြေးမြစ်များလဲရှိတယ်။ သူ့ မှာ လယ်နည်း နည်းရှိတဲ့အပြင် အသီးအနှံ စိုက်ပျိုးထားတဲ့ဥယျာဉ်လဲ ရှိတယ်။ ၀က် ဘဲ။ ကြက် တို့ လဲ မွေး ထားတယ်။ သူ့ ရွာက လမ်းဆုံကြတဲ့အတွက် ခရီးသည်များဟာ များသောအားဖြင့် တည်းခိုကြ တဲ့အခါ ခရီးသည်တိုင်းလိုလိုပဲ ထမင်းချက်ကျွေးတယ်။ ထူးခြားချက်တစ်ခုက (အသီးအနှံများ မခူးရ) ဆိုတဲ့ စာရေးထားတယ်။ ခိုးလဲမခိုးရဲကြဘူး၊ တကယ်လို့  သစ်သီးခိုးတဲ့လူကိုတွေ့ ရင် တော့ ဒီခိုးတဲ့လူဟာ မသက်သာဘူး သွေးထွက်သံယိုဖြစ်အောင် ရိုက်တော့တာပဲ။ ကျနော်က အဲဒီအဘိုးကြီးအိမ်ရောက်သွားလို့  အဘိုးကြီးရိုက်နှက်ပုံအကြောင်းတွေ ကြားတော့ ဒီအ ကြောင်းသိချင်တာနဲ့  အဘိုးကြီးနားကပ်ပြီး (ဖထီး သစ်သီးလေးတစ်လုံး ခိုးတာနဲ့ ဘာ့ကြောင့် ဒါလောက် ပြင်းပြင်းထန်ထန်ရိုက်သလဲ) လို့  မေးကြည့်တော့ ဖထီးက (ကျုပ်ဆန္ဒက ဘယ်သူဖြစ်ဖြစ် သူခိုးမဖြစ်စေလိုဘူး၊ သူခိုးတာ ကြည့်နေလိုက်ရင် သူ့ အိမ်သားတွေပါ သူခိုး မျိုးဖြစ်ကုန်လိမ့်မယ်။ သူခိုးမျိုးမဖြစ်ကြစေလိုတဲ့စေတနာနဲ့  ရိုက်တာပါပဲ)လို့  ပြန်ပြောတယ်။
အဲဒီအကြောင်းလေးတွေကို တွေးပြီးတော့ မအူပင်မှာဖြစ်တဲ့ ကိစ္စဟာ ကရင်ကလေး (၁၉)ယောက် ဆိုပေမယ့် တစ်ယောက်တည်းလဲကရင်ပဲ၊ ၁၉ ယောက်လဲကရင်ပဲ၊ ငွေကလည်း မနည်းဘူး၊ ဒီငွေတွေကို ဖြန့် လိုက်တဲ့အခါမှာ ကရင်တစ်မျိုးသားလုံးထံ ပြန့် သွားမယ်။ ပြန့်  သွားရင် ကရင်တစ်မျိုးသားလုံး သူခိုးမျိုးတွေ ဖြစ်ကုန်မှာပဲ။ ဒါကြောင့် သူခိုးမျိုးတွေ မဖြစ်ရ လေအောင် ငွေအစား ပြန်ဆပ်နိုင်အောင် ကျနော်ကိုယ်တိုင် ရှေ့ ဆောင်ပြုလုပ်ဆောင်ရွက်ဖို့  ပြဌာန်းလိုက်ပါပြီး။ တစ်မျိုးသားလုံးဓါးပြမဖြစ်ရလောင် ကျနော်နဲ့  အေအဲ(န်)ယူ တစ်မျိုးသား လုံးက ဒီငွေကို ဆပ်ရမှာပဲ။ ဘယ်အထိ ဆပ်မလဲဆိုရင် ကျွန်လုပ်ပြီး ဆပ်ရမှာပဲ။ ဆပ်မယ်ဆိုတာက ပြောတော့လွယ်တယ်၊ ဘယ်လိုဆပ်မလဲ မေးစရာရှိတယ်။ အခြားသူများမဆပ်ခင် ကျနော်က စတင်လုပ်ပြပြီး ဆပ်ရမှာပဲ။ မနေ့ ညက ဒီအရေးတွေးပြီး တစ်ညလုံး အိပ်လို့ မရပါဘူး။ ကျနော့်မှာ ဆပ်စရာပိုက်ဆံတော့မရှိဘူး။ လယ်ဧက ၁၀၀၀ လောက်ရှိတယ်။ လယ်ဧက ၁၀၀၀ ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအား အပ်နှင်းပေးဆပ်လိုက်ပါ့မယ်။ အခု လယ်ကို ချက်ချင်းမယူသေးရင် လယ်မြေပြည်သူပိုင်သိမ်းပြီးတဲ့နောက် ထားတဲ့ တန်ဖိုးအတိုင်း ဆုံးဖြတ်တာပေါ့။ ပိုက်ဆံမရှိလို့  ခါးသာမလှရှိမယ်။ ၀မ်းတော့ဝနိုင်ပါသေးတယ်။ ကျနော်မိန်းမသဘောတူပြီး ဖြစ်တာကို ကျနော်သိပြီးဖြစ်ပါတယ်။ နောက်ဆက်လက်ပြီး တစ်ပြည်လုံးသဘောပေါက်အောင် လုပ်ပြရပါဦးမယ်။
ဒါအပြင် အခြားတစ်ခုရှိသေးတယ်။ ဒါက တခြားမဟုတ်ဘူး နာမည်ကြီးနေတဲ့ အင်း စိန်ကိစ္စပါပဲ။ ကေအင်(န်)ဒီအိုကရင်တွေ လက်နက်များ ဖေါက်ယူသွားတဲ့ကြတယ်တဲ့၊ ဒါက တော့ သတင်းစာတွေကလဲ ပါတယ်။ ကရင်တွေကိုကြီး အားလုံးသိမ်းကျုံးရေးကြတာပဲ။ တခုပြောလိုတာက အင်းစိန်မှာဖြစ်တာကေ ကရင်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ မကောင်း တဲ့ကရင်ရှိသလို ကောင်းတဲ့ကရင်လဲရှိလေတော့ အကောင်းနဲ့ မကောင်း ခွဲခြားပြီး ရေးကြ ရန်ကိုလဲ တောင်းပန်ပါတယ်။ ဒီကိစ္စမှာ ကေအင်(န်)ယူ အပြစ်မဟုတ်သော်လည်း ဒီလက်နက် တွေ ပြန်ပေးအောင်တော့ တောင်းပန်ရဦးမှာပဲ။
လူကောင်းများ လက်တွင်ရှိတဲ့လက်နက်များကို ဒီနေ့ ကစပြီး နှစ်လအတွင်း ပြန်ထမ်း ပို့  ကြပါလို့  တောင်းပန်ပါတယ်။ ဒီတောင်းပန်တဲ့ကိစ္စနှင့်ပတ်သက်လိုလဲ ထိထိရောက်ရောက် ဆောင်ရွက်ကြပါမယ်။ အမျိုးသားစိတ်မရှိသူကရင်တွေလဲ ရှိပါသေးတယ်။ သူတို့ ကတော့ သေနတ်ကိုယူပြီး မသမာသူများလက်ကို ရောင်းစားရင် ရောင်းစားမှာပဲ။ ဒါတွေဟာလဲ မ ဆိုင်ပေမယ့် အပ်အောင်လုပ်ရမှာပဲ။ မအပ်ရင်တော့ ဆုံးမရမှာပဲ။ ကျနော်ယခုပြောတဲ့အတိုင်း တောင်းပန်ဆောင်ရွက်လို့ မှမရရင် ကေအင်(န်)ယူဥက္ကဌအဖြစ်မှ နှုတ်ထွက်လိုက်ပါမယ်။
ယခု ကြွရောက်လာတဲ့ လူကြီးမင်းများမှာ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း၊ မွန် စသဖြင့် စုပေါင်းရောက်လာကြသော ပရိသတ်ဖြစ်ပါတယ်။ ဇစ်မြစ်ကို သေသေချာချာကြည့်ရင် အား လုံးဆွေမျိုးတွေချည်းပဲ ဖြစ်ပါတယ်။ ခင်ရာဆွေမျိုးဆိုတာလဲ ရှိပါသေးတယ်။ ဒီကျွန်ုပ်တို့ ပြည် ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ဖန်တီးလုပ်ကိုင်နိုင်ကြတာဟာ ခင်မင်ရင်နှီးတဲ့ မိတ်ဆွေမျိုး များဖြစ်လို့  ဖြစ်ကြပါတယ်။
သည်နောက် အရေးတကြီး လုပ်စရာရှိတာကတော့ ရွာတွေမှာ ကြောက်လှန့် ပြီး တစ် ရွာမှတစ်ရွာသို့  ပြောင်းရွှေ့ နေထိုင်ကြရတဲ့ကိစ္စဖြစ်တယ်။ ကွန်မြစ်နစ်တွေကြောက်လို့  ပြေး ကြရတာလဲရှိတယ်။ တချို့ ကရင်ကိုကြောက်လို့ ဗမာက ပြေးရတာလဲ ရှိတယ်။ ဗမာကို ကြောက်လို့  ကရင်က ပြေးရတာလဲရှိတယ်။ အမှန်တော့ ဒါတွေဟာ လူမသမာတွေကြောင့် ဒီလိုဖြစ်တာပဲ။ ဒီလိုမဖြစ်ရအောင် လူကောင်းတွေစုပြီး ဆောင်ရွက်ရလိမ့်မယ်။ ကျနော်တို့  ကေအင်(န်)ယူ က လက်လှမ်းမီသမျှ တာဝန်ယူ ဆောင်ရွက်သွားမှာပဲ။ “မိမိတို့ ဆိုင်ရာနယ်မှ ပြောင်းရွှေ့ ထွက်ပြေးသွားတဲ့ဗမာများရှိရင် စိတ်ချလက်ချ ပြန်လာဖို့ ကို ကရင်ရော-ဗမာရော ပေါင်းပြီး သွားရောက်ပြန်ခေါ်မယ်။ ထို့ အတူ ကရင်များကို ပြန်ခေါ်တဲ့အခါမှာလဲ ဗမာရော-ကရင်ရော ပေါင်းပြီး သွားခေါ်ရမယ်။ စိတ်ချလက်ချ သင့်မြတ်နေရအောင် ကာကွယ်စောင့် ရှောက်ပေးရမယ်။ အပြောနဲ့ မပြီးဘူး၊ ချက်ချင်း လုပ်ရမယ့် ကိစ္စဖြစ်တယ်။
ပုသိမ်မှာ ကျင်းပခဲ့ပြီးတဲ့ ကျနော်တို့ ကွန်ဂရက်အစည်းအဝေးပြီးမှာ ဗမာပြည်သူလူထုက အကူအညီ တောင်းပါက တိုင်းပြည်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်မယ်လို့  အ တိအလင်းဆုံးဖြတ်ချက် ချပြီးဖြစ်ပါတယ်။ အကူအညီတောင်းရင်ပေးဖို့  အသင့်ပါပဲ။ လုပ်ရန် စည်းမျဉ်းလဲ ဆွဲနေပါတယ်”၊
စောဘဦင်္းကြီးသည် ချစ်ကြယ်ရေးထမင်းစားပွဲမိန့် ခွန်းဖြင့် ဦးနုနှင့် ဖဆပလခေါင်း ဆောင်များကို ချွေးသိမ့်လိုက်နိုင်သည်။ ကရင်များ မအူပင်ငွေတိုက်ကို ဖေါက်၍ လုယက်မှု၊ အင်းစိန်တွင် လက်နက်သိမ်းမှုများကိုလည်း ကျေနပ်အောင် ဖြေရှင်းပြသွားသည်။ မအူပင် ငွေတိုက်မှငွေများကို မိမိ၏ လယ်ဧက ၁၀၀၀ ရေင်းချ၍ လျော်ပါမည်။ သေနတ်များကိုလည်း နှစ်လအတွင်း ပြန်အပ်ခိုင်းပါမည်။ မအောင်မြင်ပါက ကေအင်(န်)ယူဥက္ကဌ အဖြစ်မှ နှုတ်ထွက် ပါမည်ဟူ၍ ပြောခဲ့သည်။


 မှတ်ချက် ။    ။  တခြား ၀က်ဆိုဒ်တစ်ခုမှ စည်းလုံးစေချင်သော ဆန္ဒကိုအခြေခံချင်းဖြင့် ဖေါ်ကူယူဖေါ်ပြ
မိပါသည်။        နေထက်ပူပြင်း


သူတို့တွေ ဘာလုပ်နေတာလည်း

တချို့သော ဘလောဒ်ဂါ များသည် မိမိတို့ ဧ၊်အစွန်ရောက် သွေးခွဲရေး အလုံးဆုံပျက်စီးရေးကိုဦးတည်လျှက် တိုင်းရင်သားစည်းလုံးညီညွှတ်ရေးကို ပျက်စီးစေသော လုပ်ရပ်များကိုအင်တာနက်စာမျက်နှာများပေါ်တွင်
လုပ်ဆောင်လျှက်ရှိပါသည် ထိုထိုသော ဘလောဒ်များကို စာဖတ်သူများအနေနှင့် ဝေဖန်သတိရှိစေရန်နှင့်
ထိုလုပ်ရပ်များကိုတာစီးနိုင်ရန် အထူးလိုအပ်လျှက်ရှိပါသည်  ထိုသူများဧ။်သွေးခွဲ မမှန်မကန်သတင်းများနဲ့
လူမျိုးမုန်းတီးရေးလှုပ်ဆော်မှု့များကြောင်း ထိုဘလောဒ်ဂါများဧ။် ချက်ဘုတ်မျာ တွင်လည်း ရိုင်းစိုင်စွာ ဆဲ
ဆိုနေသော အစွန်းရောက်များကို များစွာတွေ့နိုင်ပါသည်။
       အထူးသဖြင့် တိုင်းရင်းသား လူမျိုးများနှင့် ဗမာလူမျိုးများကို ရန်တိုက်သွေးခွဲရန် လုပ်ဆောင်လျှက်ရှိပါ
သည်၊ ထိုအဖွဲအစည်း ထိုဘလောဒ်ဂါများကို မိတ်ဆွေများအနေနှင့် ၀ိုင်းဝန်တာစီး ချေမှုန့်ရန် လိုအပ်ပါသည်
ဒီမိုကရေစီထွန်းကာစွာ လွှတ်လပ်စွား ပြောဆိုဝေဖန်ပိုင်ခွင့်ကို ကျနော်တို့ လေးစားပါသည် လိမ်လည်လှည့်
ဖျားရ်ျ တိုင်းပြည်နဲ့ တမျိုးသားလုံးအပေါ် အန္တရာယ်ရှိသော လုပ်ရပ်များကို တော့ လက်မခံနိုင်စရာ အကြောင်း
မရှိပါ တိုင်းရင်သားဘယ်အစိုးရပဲ ဖြစ်ဖြစ် ပြည်သူထောက်ခံမှု့နဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်လျှင်ကျနော်တို့ မြန်မာ
နိုင်ငံသားတွေအနေနှင့် လက်ခံနိုင်စရာရှိပါသည် ကရင် ကချင် ရှမ်း ဘယ်တိုင်းရင်းသားမဆို အုပ်ချုပ်ပိုင်ခွင့် ရှိ
ပါသည် သို့ သော် တိုင်းပြည်ကိုဖဲထုတ်ဖို့  တိုင်းပြည်ကိုဖြိုခွဲဖို့ ကိုတော့ မလုပ်လိုက်ပါနဲ့ တောင်းပန်တယ်
တောင်ပန်လို့မရရင် ရတဲ့ နည်းနဲ့ တာရမှာပဲ ဒါမြန်မာနိုင်ငံသားအားလုံးကျနော်တို့တွေရဲ တာဝန်ပဲ ဖြစ်ပါတယ်
ဒီလမ်းစတွေမဖြစ်ဖြစ်အောင် အပေါ်ပေါ်အောင်ဖတ်တီးနေတဲ့ အမိုက်သရိုက်တွေကိုကိုလည်း လှည်းကျင်း
သုတ်သင်ရမှာ ဖြစ်ပါတယ် ဒါပြည်သူပြည်သား တိုင်းရင်းသားအားလုံးရဲတာဝန်ပဲ ဖြစ်ပါတယ်
    ယနေအစိုးရမကောင်းဘူးမြင်ရင် အစိုးရနေရာကို ထိုက်ထိုက်တန်တန် ကြိုးစားရယူနိုင်ပါတယ်  ဒါပေမဲ့
စေတနာမှန်ဖို့တော့လိုပါလေ့မယ် ဒီနေဟာ တတိုင်းပြည်လုံးကိုစားပြုတဲ့ နေရာဖြစ်တဲ့ အတွက် ကြိုးစားမှု့တွေကလည်း အရင်းနှီးများနိုင်ပါတယ် အုပ်ချုပ်မှု့ကင်ကွာနေတဲ့ နေရာမှာသနတ်ကိုင်ပြီး
နေရာကို အချောင်းလိုချင်လို့ တိုင်းရင်းသားရေး ဘန်ပြပြီး တောင်းနေတာတွေကိုတော့ နည်းနည်း မဖြစ်သင့်တော့ဘူးလို့ မြင်ပါတယ် ခင်များ သနတ်တွေစွန့်လိုက်ပါ မြို့ပေါ်ကို တတ်ခဲ့ ပါ ထိုက်ထိုက်တန်တန်
တိုင်းပြည်လုံးက ပြည်သူကို မျက်နှာပြပြီး ထောက်ခံလာစည်းလုံးညီညွှတ်မှု့ရလာအောင် လုပ်ပြီး သင့်တို့
ပန်းတိုင်ကို လမ်းပြောင်းပြီ လျှောက်လှမ်းသင့်ပါပြီး လို့ အကြံပေးရင်း

                                                                            ပုံနေထက်ပူပြင်း











Thursday 24 November 2011

အေဘီစီရေးတဲ့ ဆန့်ကျင်သူများသို့ ဆိုတဲ့အမြင်လေးပါ

ဒေါတ်တာလွမ်းဆွေဘလာ့က ဆောင်းပါးတွေအများစုက အနှစ်ချုပ်လိုက်ရင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်ထား၊ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေက တရားမျှတမူမရှိဖူး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေး၊ လူထုလှုပ်ရှားမူတွေလုပ် ဆိုတဲ့ အချက်တွေပဲ တွေ.နေရပါတယ်၊

၁၉၉၀ ရွေးကောက်ပွဲကကြာခဲပါပြီ၊ ခုချိန်မှာ နိုင်ငံတကာကလည်း စိတ်မ၀င်စားတော့ပါဖူး၊ ပြန်လည် အသက်ဝင်အောင်လုပ်ဖို.က မလွယ်တော့ပါဖူး၊

၂၀၀၈ ခုနှစ်ဖွဲ.စည်းပုံကိုပြောင်းရင် အနည်းဆုံး မဲ ၇၅%ကျော်မှပြောင်းလို.ရမယ်၊ စစ်တပ်ကိုယ်စားလှယ်တွေက ၂၅% လွှတ်တော်မှပါနေတယ်၊ ပြင်လို.မလွယ်ဖူး၊ မှန်သင့်သလောက်မှန်ပေမဲ့ အဲ့ဒီ့စစ်တပ်ကိုယ်စားလှယ်တွေကိုပဲ မေးကြည့်ပါ၊ သူတို.ကို တပ်ကနေ ပါလီမန်မှာလာထိုင်ခိုင်းတာ ပျော်ရဲ့လားလို.၊ နောက်ပြီး သူတို.ကိုယ်တိုင်က စီးပွားရေးမပြေလည်တာတွေ ကုန်ဈေးနှုန်းကြီးမြင့်ပြီး လူနေမူအဆင့်အတန်းတွေနိမ့်ကျတာ မသိပဲ မနေပါဖူး၊ တကယ်လိုအပ်လာရင် သူတို.လဲပဲ ပြောင်းလဲလာပါလိမ့်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို. စစ်တပ်က ကိုယ်စားလှယ်တွေကပဲ ပါဝင်ဆွေးနွေးတာကို တွေ.ရပါတယ်၊ ဆိုလိုချင်တာက ၂၀၀၈ ဖွဲ.စည်းပုံက ဒီမိုကရက်မကျတဲ့အချက်တွေကို ပြောင်းလဲတဲ့ အခါမှာ တပ်ကိုယ်စားလှယ်တွေ ကူပါလိမ့် မယ်၊

စစ်တပ်က အာဏာသိမ်းခွင့်ပေးခွင့်ပေးထား တာက လက်ခံနိုင်စရာမရှိဖူးလို.ပြောထားတယ်၊ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရအနေဖြင့် တိုင်းပြည်မှာ လူထုအများစုက ဆန္ဒပြ မကျေနပ်လို.ရှိရင် လက်ရှိအစိုးရက ဆင်းပေးရပါမယ်၊ အဲဒီ့လိုဆင်းပေးရင် ကြားကာလမှာ ကြားဖြတ်ရွေးကောက်ပွဲအသစ်လုပ်၊ ဒါမှမဟုတ် အတိုက်ခံက အစိုးရအဖြစ် တက်လုပ်ရပါမယ်၊ လောလောဆယ်အခြေအနေအရ အတိုက်ခံက ပါလီမန်မှာ အစိုးရတက်လုပ်ရအောင် မကြီးထွားသေးပါဖူး၊ လွတ်တော်မှာအတိုက်ခံများလာအောင် လုပ်ရပါ့လိမ့်မယ်၊ ဒါမှမဟုတ် လူထုလှုပ်ရှားမူကြီးက ထိန်းသိမ်းမရတော့ပဲ ၈၈ လို.ခေါင်းဖြတ်၊ မင်းမဲ့စရိုက်တွေပေါ်လာရင်တော့ စစ်တပ်က အာဏာသိမ်းပါလိမ့်မယ်၊ ဖွဲ.စည်းပုံမှာ ဘယ်လောက်ပဲ စစ်တပ်အာဏာမသိမ်းနိုင် အောင်ရေးထားထား၊ တကယ်တမ်းစစ်တပ်က အာဏာသိမ်းခဲ့ ရင် အဲ့ဒီ့ဖွဲ.စည်းပုံဆိုတာလည်း လမ်းဘေးမှာ ပိတ်သားချိန်နဲ.ရောင်းတဲ့ စက္ကူစုတ်သာဖြစ်သွားပါလိမ့်မယ်၊

ခုချိန်မှာ စစ်တပ်၊ လက်ရှိအစိုးရကလည်း သူတို.ချည်းလုပ်ဆောင်လို.မရဖူးဆိုတာ သဘောပေါက်နေပါပြီ၊ အတိုက်ခံဆိုတဲ့ အဖွဲ. အင်အားကြီးတယ်ဆိုတာလဲ သိနေပါပြီ၊ ဆန်ကျင့်တဲ့သူတွေအားလုံးကို ထောင်ထဲ ထည့်ထားဖို.ဆိုတာလဲ မဖြစ်နိုင်တော့ပါဖူး၊ နိုင်ငံတကာကလည်း လက်မခံနိုင်ပါဖူး၊ လောလောဆယ်အခြေအနေရတော့ အတိုက်ခံကလည်း တိုင်းပြည်ရေးရာတွေမှာ စစ်တပ်ပါဝင်မူကို လက်ခံရပါလိမ့်မယ်၊ အေးရှာက ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ စစ်တပ်ကဗိုလ်ချုပ်ဟောင်း တွေ ပြန်ပါနေ တာကို တွေ.ရပါလိမ့်မယ်၊ လောလောဆယ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက power sharing လို.ပဲ မြင်ပါတယ်၊ ဒေါ်စုကိုယ်တိုင်လည်း သဘောပေါက်လို. အဲ့ဒီ့လမ်းစဉ်ကို ချီတက်နေတာပါ၊ ခင်ဗျားတို.က မကြေနပ်ဖူးဆိုတာလဲ ခင်ဗျားတို.ရဲ့ ကိုယ်ပိုင်အခွင့်အရေးပါ၊ ဒါပေမဲ့ လူထုတိုက်ပွဲတွေဖြစ်ပေါ်လာနိုင်ဖို.က အတော်ပင်ခဲယှဉ်းပါလိမ့်မယ်၊ အဲ့ဒီ့လို ဆန္ဒပြပွဲတွေပေါ်လာတယ်ပဲထားဦး အာရပ်နိုင်ငံတွေလို လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပေါ်ဖို. ကတော့ ပိုလို.တောင်မှ ခဲယှဉ်းပါလိမ့်မယ်၊

ခင်ဗျားတို.ရဲ့ ရေးသားပုံနဲ. အတွင်းစိတ်ကို ခန်.မှန်းရရင်တော့ ဒေါ်စုကို လူထုခေါင်းဆောင် ဆိုပြီးထောက်ခံသယောင်လုပ်မယ်၊ ကိုဇါဂနာ၊ မင်းကိုနိုင် နဲ. နိုင်ငံရေး အကျဉ်းသားတွေကိုသနားသယောင်ပြမယ်၊ (တကယ်တော့ ထောင်ကျနေတဲ့သူတွေကို ခင်ဗျားတို.ထောက်ပံ့ခဲ့တာလည်းမဟုတ်ပါဖူး)၊ ခင်ဗျားတို. လူထုအားကိုးနဲ.အာဏာ ရခဲ့ရင်လည်း တိုင်းပြည်ထူထောင်ရေးတွေလုပ်ဖို.ထက် လက်ရှိ အာဏာရပိုင်တွေကို သတ်၊ နောက်ပိုင်း မှာဒေါ်စုနဲ.ကျောင်းသားခေါင်းဆောင်တွေကို ရှင်းပစ်ဖို. ၀န်လေးမဲ့ သူတွေမဟုတ်ပါဖူး၊ ဒီမိုကရေစီဗန်းပြပြီးလုပ်ချင်သလိုလုပ်မဲ့ အဖွဲ.ဖြစ်ပြီး တိုင်းပြည်သွေးချောင်း စီးအောင်လုပ်မဲ့ သူတွေပဲလို.မြင်မိ ပါတယ်၊ မြန်မာပြည်သူလူထု သဘောထားနဲ. ဆန်ကျင့်နေတဲ့အတွက် အောင်မြင်မူမရဖူးဆိုတာကို သတိပေးချင်ပါတယ်၊

လောလောဆယ် မြန်မာနိုင်ငံ မှာပြုပြင်ပြောင်းလဲရေးတွေကို မြင်နေရပါပြီ၊ စိတ်ရှည်ပါ၊ ဒေါ်စု မြန်မာနိုင်ငံရေးမှာ တရားဝင် ပါဝင်တာကို ကြိုဆိုလိုက်ပါ၊ မြန်မာနိုင်ငံတိုးတက်ရေးက ပြည်သူတွေရဲ့ စည်းလုံးမူနဲ. ရိုးသားတဲ့ စိတ်ဓါတ်များနဲ. အစပြုရပါလိမ့်မယ်၊
        
ဒီပို့လေးက ထိတယ်လို့ ခံစားရတယ်ဗျာ စာဖတ်သူကော်ဘယ်လိုမြင်ပါသလဲ
                                                                                             ပုံ တေားသားငပေ

Tuesday 15 November 2011

စောက်တလွဲလုပ်ရပ်များ

 ကြားလိုက်ပြန်ပြီး မသက်မသာပဲ မြစ်ကြီးနား ဗုံးပေါက်လို့တဲ့ တဖန် KIA လဲအစိုးရတပ်ကို မန်ဝိန်းကြီးကျေရွာနားက လွယ်ဟိုစေတောင်ရှိ အစိုးရမြေအောက်စခန်းကိုတိုက်တာ ဗိုမှုးတစ်ဦးမပါအ၀င် တပ်သားငါဦးလောက် ကျပြန်သတဲ့ ဗျာ တဖန်ကြူကုတ်ပန်ဆိုင်းနဲ့ နမ်းခန်မြို့တွေမှာလဲ ဗုံးတွေပေါက်တာ ရဲအရာရှိတဦးသေပြီး တခြားခြောက်ယောက်လောက် ဒဏ်ရာရသတဲ့ ကဲမသက်မသာပါလား ဒီသတင်းတွေကို အစိုးရကိုထာဝရဆန့်ကျင်လာတဲ့ ၀က်ဆိုဒ်တချို့က အားရပါရတင်ပြလာတာပါ ကဲဗျာ ဟုတ်သော်ရှိမယ် အဟုတ်သော်လည်းရှိမယ် ဘာလို့ ဒီလိုဖြစ်ရတာလဲကိုစဉ်းစားပြီး အခြေရှာကြရအောင် ဒီး ဗုံးပေါက်တာတွေနဲ့ ပါတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အဖွဲ့အစီးတွေကတော့ သိတော်မှုကြတဲ့ အတိုင်းပါပဲ ကချင်ပြည်နယ်က KIO တို့ ရှမ်းပြည်နယ်က SSAတို့ ပဲရှိတယ် ဘာလို့ ဒီလိုလုပ်လဲဆိုတာတော့ နည်းနည်းရှည်ရှည်ပြောမှ ဖြစ်လိမ့်မယ် 
        ယနေ့ မြန်မာအစိုးရဟာ နိုင်ငံတကာအလယ်မှာ လူထုထောက်ခံမှု့နဲ့အတူ ပျော့ပြောင်းတဲ့ အသွင်နဲ့ ရပ်တည်လာနိုင်တာကို ကျနော်တို့ တွေ့မြင်နိုင်ပါတယ် တချိန်က လုံးဝဆန်ကျင်ဘက် ဖြစ်နေတဲ့ အမေရိကန်နိုင်ငံနဲ့ ခုအစိုးရလက်ထက်မှာ သိသာထင်ရှာတဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု့တွေ ကိုလူတိုင်းတွေ့မြင်နိုင်ပါတယ် အရှေ့တောင်အာရှ အာ စီ ယန် ကလည်းမြန်မာနိုင်ငံကို အာစီယံ ဥက္ကဌဖြစ်ရေးထောက်ခံလာတာကိုတွေ့ရပါတယ် မလေးရှာ ၀န်ကြီးချုပ်ဟောင် မဟာသီ ဟာလဲ အပြန်သတင်းစာရှင်လင်းပွဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တို့ တတ်လာနေတဲ့ အပေါ် ချက်ချင်းရင်းနှီး မြုပ်နှံသင်တယ်ဆိုတာကို တိုက်တွန်းပြောကြားခဲ့ပါတယ် ယနေ့ မြန်မာနိုင်ငံ ရဲ ပြုပြင်ပြောင်းလွဲ့မှု့ နဲ့ အစိုးရသစ်ကို နိုင်ငံတကာက လက်ခံလာနေပါတယ် အဲလိုလက်ခံအသိမှတ်ပြုလာနေတဲ့ အပေါ်ကို  ပြည်တွင်း အဖျတ်သမားအုပ်စိုတွေလုံးဝမလိုလားပါဘူး 
    အဘယ်ကြောင့်ဆိုသော် သူတို့ရဲ သက်တန်းကြာရှည်စွာ လက်နက်ကိုင် ဆိုးသွမ်းနေတဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ မြန်မာအစိုးရကို ထောက်ခံမှု့နဲ့ အတူ မကြာမှီမှာ မှေးမိန်ပျောက်ကွယ်ရတော့မှာ မိုလို့ပဲ ဖြစ်ပါတယ် အဲလိုသဘောပေါက်လာတဲ့ ထိုလက်နက်ကိုင်အဖွဲ့ အစီးတွေဟာ ပြည်တွင်းမှာ မငြိမ်းသက်သေးပါဘူး အစိုးရသစ်ဟာ ထိုးစစ်ကြီးတွေ ဆင်နွဲနေးပါတယ် ပြည်သူထုကိုသတ်နေပါတယ်လို့ နိုင်ငံတကာ အမြင်မှားအောင် ပြည်တွင်မှာ အခွင့်သင်သလို အစိုးတပ်တွေကို ချုံခိုးနေပါတယ် လစ်ရင်လစ်သလို မြို့ တွေဝင်းပြီး ဗုံးတွေခွဲနေပါတယ်  သူတို့ ရဲ နိုင်ငံတကာငွေးကြေးနဲ့ မှီခိုနေရတဲ့ ၀က်ဆိုဒ်သတင်း ဌာနတွေကလည်း ဒီလိုလုပ်ရပ်တွေကို သဘောကြတဲ့ သဘောရှိပါတယ် ဒါမှ မြန်မာအစိုးရကို ဆန့်ကျင် တဲ့ သတင်းများများရမယ် သတင်းများများရမှ သူတို့ သတင်းဌာနတွေ ကူညီထောက်ပန့်ကြေးနဲ့ ရှေ့ဆက်ရပ်တည် နိုင်မှာပါ တကယ်လို့ သာ ဒီသတင်းတွေမရှိ အကြာရပဲ မြန်မာပြည်အေးချမ်းတည်ငြိမ်လာပြီး သူပြည်တွေအဆင်ပြေနေပါပြီး ဘယ်လိုတိုးတတ်လာပါပြီး လို့သား ရေးနေမယ်ဆိုရင် ဒီသတင်း ဌာနကလူတွေ ထမင်းငတ်ကုန်ကြမှာ သေခြာပါတယ် 
      လက်နက်ကိုင်းအဖွဲ့ အစီးတွေအကြောင်းကို ပြန်ဆက်ရရင်  ဒီအဖွဲ့ အစီးတွေဟာ များမကြာမှီလုံးဝချုပ်ညိမ်းပျောက်ကွယ်တော့မယ်ဆိုတာသေခြာသလောက်ဖြစ်နေပါပြီး  အခုလက်ရှိအခြေ သုံးသက်ကြည့်ရင် မြန်မာ တနိုင်ငံလုံးရဲ လူထုထောက်ခံမှု့ဆယ်ရာခိုင်နှန်းနဲ့  ရပ်တည်နေတဲ့ လက်နက်ကိုင်အဖွဲ့အစီး ဆိုတာ ဘယ်အဖွဲ့ အစီးမှ အရှိပါဘူး လက်ရင်လစ်သလို ဘိန်းလုပ် သစ်ခိုးသတ္ထုခိုး  အပြစ်ရပ်ထားစဉ်ကလဲ အစိုးရရဲ လုပ်ပိုင်ခွင့် ပါမစ်တွေချပေးထားတဲ့ အပေါ်မှီခိုရပ်တည်နေရတာပါ တကယ်လို့သာ မြန်မာနိုင်ငံဟာ ဒီထက်ပိုပြီး အပြုသဘောဆောင်လာမယ် စီးလုံးညီညွှတ်လာမယ် နိုင်ငံတကာထောက်ခံမှု့တွေရလာမယ်ဆိုရင် ဒီအဖွဲ့ စီးတွေဟာ ပြေးစရာမြေမရှိ ပြောစရာစကားမရှိနဲ့ ဇာတ်သိမ်းရတော့မှာပါ ခုတော့ သူတို့ ရဲနောက်ဆုံးထွက်သက်ကို အစွမ်းကုန်ကာကွယ်တဲ့အနေနဲ့ နိုင်ငံတကာမြန်မာနိုင်ငံ အပေါ်အထင်လွဲ အမြင်လွဲဖြစ်အောင် ပြည်သူကိုဗုံးထောင် စစ်တပ်ကို ချုံခို ပြီး အဖြစ်စလောက် အတွေးနဲ့ လူတစုကို ပြည်သူလို့ ကမွန်းတပ်ပြီး နိုင်ငံတကာကိုပါ လူလယ်လုပ်ချင်နေပါတယ် ချင်တဲ့ သဘောနဲ့ ကုလ ကိုပါစာတင်တာတို့ ဘာတို့ လျှောက်လုပ်ပြီး ကလိမ်းကကျစ်ကြနေပါတယ်  သို့သော် ထိုလက်နက်ကိုင်အဖွဲ့ များသည် ဘယ်သောအခါမျှ မြန်မာပြည်သူ လူထုဧ။် အသိမှတ်ပြုချင်းကို ရရှိလိမ်းမည်အဟုတ် ဆိုသည်ကတော့ သေချလျှက်ရှိပါကြောင်း
                                                              ပုံ

                                                                         ရေစိမ်ပွကြီး





















Sunday 13 November 2011

မျော်ကြည့် ရာဝယ်

   လက်တလောအတွေ့အကြုံလေးတွေအကြောင်းကိုဆွေးနွေးရရအောင်ဗျာကျနော်တိုအာင်ပွဲဆီသို့ (သိုမဟုတ်) လှေကားတထစ်ကို တတ်လိုက်နိုင်ခြင်းလို့ပဲ စပြောရမယ် ဘာအကြောင်ကိုဆွေးနွေးချင်တာလဲ ဆိုတော့ သမတ္တနဲ့ လွှတ်တော်ပေါ်လာတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ခု တိုးတတ်လာတာလေးတွေ တွေ့ရတယ် ဆိုတာ မဖြစ်စလောက်ပြောင်လွှဲမှု့လို့ ပြောလိုမရပါဘူး ဘာနဲ့ သက်သေတည် မှတ်ကျောက်တိုက်ကြည့် လို့ရမလဲ ဆိုတော့ ကျနော့်အတွေးအခေါ်လေးနဲ့ မြင်ပုံလေးကိုဆွေးနွေးလိုပါတယ် မြန်မာနိုင်ငံမှာ တခါမှ ဖြစ်ပေါ်ချင်းမရှိသေးတဲ့ အတွေ့ ကြုံလေးပေါ့ ဗျာ ဧရာသတီ မြစ်ဆုံ စီမန်ကိန်းနဲ့ ပတ်သတ်လို့ ဖြစ်ပြက်ပုံလေးပါ ပြည်သူနဲ့ အစိုးရုငြိမ်းချမ်းစွားတောင်းဆိုမှု့နဲ့ ကြည်ဖြူစွာ လိုက်ရောလိုက်တဲ့ အစိုးရနဲ့ ပြည်သူရဲ ဖြစ်ရပ်လေးဟာ အမတန်ပိတိဖြစ်စရာကောင်းတဲ့ ဖြစ်ရပ်လေးပါ 
       တောင်းဆိုးတဲ့ ပြည်သူလူထုဘတ်က ကြည့်ရင်လည်းအမတန်မှ တရားနည်းလမ်းကြပါတယ် ဧရာဝတီဟာ တနိုင်ငံလုံးကို အသက်သွေးကြောလို အကြိုးပြုတဲ့ တိုင်ပြည်ရဲ သဘာဝရတနာကြီး ပါပဲ အေးမြတဲ့တောင်စင်
တောင်တန်းကြီးတွေမှာ မြစ်ဖျားခံပြီး အပူပိုင်းဒေသပြည်သူတွေကို အေးမြစေတဲ့ ဧရာဝတီဟာ မြစ်ဝကျွန်ပေါ်
ကြပြန်တော့ လည်း မြေဆီမြေနစ်တွေ ကိုချဲထွင်ပေးပြီး ကျနော်တို့ တိုင်ပြည်ကောင်းကြိုးပြုတဲ့ တကယ် ကျေဇူး
ရှင်ကြီးပါပဲ အစိုးဘတ်ကကြည့်ပြန်တော့လည်း တိုင်းပြည်လိုအပ်နေတဲ့ ချမ်းသာဖို့ အလုပ်အကိုင်အခွင့်အလမ်း
များဖို့ နဲ့ တိုးတတ်စေချင်တဲ့ ဆန္ဒနဲ့ လုပ်ဆောင်တဲ့  စီမန်ကိန်းကြီးတခုပါ  
       ဒီနှစ်ခုကြားမှာ ဗျာများနေတဲ့ ပြည်သူဘက်ကပိုအရေးသာခဲ့တာကတော့ စုပေါင်းအားနဲ့ မှန်ကန်စွာမှန်ကန်တဲ့ နည်းလမ်းကိုရွေးချယ်ပြီး တောင်ဆိုတင်ပြတတ်မှု့ကြောင့်ပါပဲ အစိုးရကလဲ လိုက်လျှောသင့်တာကို လိုက်လျှောပေးလိုက်လို့ ပြည်သူအပေါ်ကို အလေးထားရာရောက်ပြီး နိုင်ငံရေးနယ်ပယ်တွေမှာ ထောက်ခံမှု့တွေရခဲ့ ပါတယ် ပြည်သူအနေနဲ့လည်း  အစိုးရလဲ အလေးထားပေးမှု့ကို ကျေနပ်နှစ်သိပ်နိုင်ခဲ့ ကြပါတယ်  တကယ်လို့သာ အဲလိုမဟုတ်ခဲ့ ပဲ  လမ်းပေါ်ထွက်မယ် လူစုလူဝေးတွေနဲ့ အော်ဟစ်မယ် ဆိုခဲ့ရင် အဲလိုအော်ဟစ်တောင်းဆိုမှု့တွေထည်းမှာမှ ပ
ညာနည်းအစွန်းေ ရှာက်တွေ ပါပြီး ဟိုဟာကိုရိုက်ခွဲ ဒီဟာကို ဖျတ်စီးလုပ်တဲ့ လူတွေပါခဲ့မယ် ဆိုရင် ဆူပူအကြမ်း ဖတ်မှု့တွေလို့ ဖြစ်သွးနိုင်ပါတယ် အဲလိုဖြစ်ရင် လည်း အစိုးရဟာ ယခင်အတွေအကြုံးတွေအရ 
ဆူပူမှု့တွေကို နိုမ်နင်းအုံးမှာပါပဲ  အဲလိုသာနည်းနည်းလေးတွေကြည့် ရင် ကျနော်တို့ တွေဆုံးရှုံးမှု့ တွေနဲ့ ရင် ဆိုင်ရဦးမှာ မလွဲပါဘူး 
      ခုတော့ ကျနော်တို့တွေဟာ ငြိမ်းချမ်းစွာနဲ့ ပြသနာတခု ဖြေရှင်းနိုင်လိုက်သလို အစိုးရနဲ့ ပြည်သူ နှစ်ဦးနှစ် ဖတ်အကြိုးရှိခဲ့ ကြတာ သင်ခန်းစာယူဖို့ ကောင်းပါတယ် နောက်နောင်တွေမှာလဲ တကယ်လို့ ပြသနာကြီးငယ်တွေပေါ်လာမယ် စုပေါင်းလုပ်ဆောင်စရာတွေများ ရှိခဲ့ရင် ခုလိုငြိမ်းချမ်းစွား ဖြေ
ရှင်တတ်ဖို့ ဖြေရှင်ပုံဖြေရှုင်းနည်းတွေကို ရွေးချယ်တတ်ဖို့ အမတန်မှလိုအပ်ပါတယ် ကျနော်တို့ လူငယ်တွေ
ဟာ တိုင်းပြည်ဖွံဖြိုးဖို့ ကိုလည်း အမတန်မှ ငတ်မွတ်တောင်တနေကြပါတယ် အိမ်နီချင်းလေ့လာမီတဲ့ သူက 
အိမ်နီချင်းနိုင်ငံတွေယှဉ်ပြီး အိုအပ်ချက်တွေကို အာမလိုအားမရဖြစ်ပြီး တိုင်းပြည်အပေါ်ကိုအားမလိုအားမရ
ဖြစ်မိပါတယ် ကမ္ဘာနဲ့ ယှဉ်ပြီးလေ့လာနိုင်တဲ့ သူတွေက လည်းကမ္ဘာနဲ့ ယှဉ်ပြီး လေ့လာကာတိုးတတ်ဖို့ အရေး ရတတ်မအေးဖြစ်နေကြပါတယ် တကယ်လို့ သား ဒီပြည်သူတွေ ဒီလိုလူငယ်တွေကို ကျွမ်းကျင်ရာ နယ်ပယ်တွေမှာ တိုင်းပြည်ကစီးစီးလုံးလုံးနဲ့ တာဝန်တွေ ပေးပြီး မြေထောင်ပြောက်ပေးနိုင်မယ် ဆိုခဲ့ရင် ကျနော်တို့ တွေဟာ ကြုံရာကို ထမ်းရင် မဝေးတော့ သောပန်းတိုင်သို့ လျှောက်လှမ်းနိုင်လိမ့်မယ်လို့ ထင်မိပါကြောင်း

                                                                ပုံ
                                                                      နေထက်ပူပြင်း














Friday 11 November 2011

ပြည်ပရောက် အာကြီး တို့ အကြောင်း

စာတော့ ရေးချင်တယ် စာရေးဆရာမဟုတ်တော့ လည်း ရေးလိုအစီအငေါ်မတည်းမှာဆိုးရသေး ဒါပေမဲ့ လည်း   ရေးမယ်ဗျာ ဖြစ်ချင်တာဖြစ်ပေါ့   မကောင်းလဲ  အပြောအဆိုခံမယ်လို့ ဆုံးဖြစ်ထားတယ် ပြောချင်တဲ့ အကြောင်းတွေကတော့ များတယ် နည်းနည်းစီပဲ စပြောပါမယ် ဘီရီးတို့ ဗွီရီး တို့ အာရီး တို့ အကြောင်းတွေပဲ စပြောချင်တယ်  နားတော့ထွေးမသွားနဲ့ ဦးနော် ကျနော်ပြောတာက အာဆင်နယ်တို့ အက်တွန်ဗွီလာတို့ လိုဘောလုံးအသင်းအကြောင်တွေမဟုတ်ဘူး  ယနေ့ အင်တာနက်စာမြက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ VOAတို့ BBC, RFA နှင့် တခြားသတင်းမီဒီယာတွေအကြောင်းကိုပြောတာ ပြောသာပြောတာပါ ကိုကလဲ မနေနိုင်တော့ သူတို့တွေကိုနေ့တိုင်းဖတ်ဖြစ်တယ်   စာကလဲ ဖတ်ပါမှတ်ပါများလားတော့ ဝေဖန်တတ်လာ
တယ်ဗျ ..  ကဲနည်းနည်းရှည်နေပြီး ကျနော်ဝေဖန်တော့ ဒီသတင်းမီဒီယာတွေရဲ့ နေ့တိုင်းရေးနေတဲ့ အကြောင်း အရာတွေဟာ နည်းနည်းတော့ ထူးခြားတယ်ဗျာ ဘယ်နေရာမှာ ဘယ်သူတွေဒုက္ခရောက်နေကြ
တယ်ဟေ့ အစိုးရကဘာမှလုပ်မပေးဘူး ဘယ်အလက်နက်ကိုင်းအဖွဲ့ ကတော့ ဘယ်နေ့က အစိုးရတပ်တွေကို
ဘယ်နေရာမှာတိုက်လိုက် တာ စစ်တပ်က ဘယ်နှစ်ယောက်တောင်ကျဆုံးသွာတယ် ဟော စိတ်မကောင်းစ 
ပါလား ဒါတွေတင်မကဘူး ဗျ မိတ်ဆွေသတိထားပြီး ဖတ်ကြည့်  တောကြိုအုန်ကြာ ဘယ်ပြည်သူမှမသိတဲ့ နေ
ရာက လူအခွင့်ရေးလေ့လာသူတို့  စစ်ရေးလေ့လာသူတို့ ဒုက္ခသယ်ဖေးမသူတို့ ကို ဆက်သွယ်မေးမြန်တာ
တွေကိုလဲ တင်ပြ အစီရင်ခံထားသေးတယ် ဘယ်လောက်အထိနိုင်နိုင်ချွတ်ချွတ်ဆက်သွယ်မေးမြန်းလည်းဆို
/ရင် ဘယ်သူမှ မသိတဲ့ မြန်မာစကားမပြောတတ်တဲ့ ရိုဟင်ဂျာ တိုင်ပြည်အစစ်ဘင်္ဂလာဒေဒ်က လက်မခံလို 
ရှောက်ပြေနေတဲ့ ပြည်ပြေး တွေတောင်ပါသေးတယ် အဲတာတွေဒီသတင်းဌာနတွေ   ကလေ့လာတင်ပြနေ
တာ အထူးဆန်းလားဆိုပြီး စာဖတ်သူထင်ကောင်းထင်ပြီး ကျူပ်ကို အပြစ်မြင်နေဦးမယ်  နေဦးမပြီးသေးဘူး ဗျ ကျနော်ဆက်ပြောချင်တာက တင်ပြပုံ တင်ပြနည်လေးကိုပြောတာ တကယ်လိုစစ်မှန်တဲ့ စေတနာ ရှေ့ထားပြီး
တင်ပြပါတယ်ဆိုရင် ဒါမှမဟုတ် သတင်မီဒီယာရဲ လုပ်ငန်းအတိုင်း သတင်းကို တင်ပြပါတယ်ဆိုရင် သာစေနာ
စေဘက်လိုက်မှု့ မပါပဲ ဖြောင့်တန်းစွာတင်ပြသင့်ပါတယ်  တဖတ်သက် သာစေနာစေအမြင်မျီုးတွေမပါသင့် ပါဘူး အထူးသဖြင့်  အရာအားလုံးအပေါ်မှာ အစိုးရ မုန်းတီးရေး ဖြစ်အောင်ဖန်တီး တင်ပြနေတဲ့ တင်ပြပုံ တင်
ပြနည်းတွေက တော့   မဖြစ်သင့် ပါဘူး ဘာလို့ မဖြစ်သင့် တာလဲ ဆိုရင် အရာတိုင်အပေါ်မှာ သမာသမတ်မျှတ စွာ သူဖတ်ကိုဖတ်မြင်တတ်ဖို့ လိုပါတယ် ဒီအစိုးရမကောင်းလို့ ဒီအစိုးရကိုယ်စား ရပ်တည်း
ပေးပြီး နေချင်ညချင် မြန်မာနိုင်ငံ နဲ့ ပြည်သူကို ကောင်းစားအောင်းချမ်းသားအောင်လုပ်ပေးနိုင်တဲ့ အားကိုယ် စရာ ရှိလာလို့ မေးရင်အဖြေကေ၀၀ါးဝါးပါပဲ စစ်တပ်မကောင်းကြောင်းပြောပြီး တကယ်လို ဒီတပ်မတော်ကို 
ဖြိုဖြတ်လိုက်မယ်ဆိုပါတော့  ဘယ်နိုင်ငံမှာမှ လက်နက်ကိုင်သောင်းကျန်တော်လှန်မှု့နဲ့ မကင်းပေမဲ့ ယနေ့ မြန်မာနိုင်ငံ ရဲ အခြေအနေဟာ ခိုင်မာတောင့်တင်းတဲ့ စစ်တပ်သာမရှိရင် မနက်ဖန်မြန်မာနိုင်ငံ ရပ်တည်နိုင်ဖို့ ဆိုတာ တော်တော်ခတ်ခဲပါလေ့မယ် သူတလူငါတမင်းနဲ့ ပရေသရဇ်္ဖခေတ်ပြန်ရောက်သွားနိုင်
ပါတယ် အဲတော့ ကျနော်တို့ ပြည်သူတယောက်အနေနဲ့ နားလည်သင့် နားလည်ရမှာ က ဒီအဖွဲအစီး တွေဟာ
ဟာတိုင်းပြည်မှာ တကယ်လိုအပ်ပါတယ်ဆိုတာပါပဲ  ဒီလိုလိုအပ်တဲ့ အဖွဲ့ အစီးတွေကို ကျနော်တို့ ဟာဘေးထိုင် ဘိုင်ကျ မကောင်းပြောပြီး ပျက်လိုပျက်စီးလုပ်နေမဲ့အစား  ကောင်းတဲ့လမ်းနဲ့ ကောင်းအောင်
လုပ်ဖို့ပဲ စဉ်စားသင့်ပါတယ်  ဘယ်နေရာမှာမဆို အားနဲ့ ၀န်နဲ့ မျှမှ ကြာရှည်ထမ်းနိုင်ပါတယ် မြန်မာပြည်ဟာ လည်း ပြည်တွင်းသူပုန်ထမှု့ တွေနဲ့ အမြဲ့ရုန်ကန်ရေရမှု့ဟာ တိုင်ပြည်မတိုးတတ်ခြင်းရဲ အဓိက အကြောင်းရင် ပါပဲ
        အဲတော့ တိုင်းပြည်တိုးတတ်ခြင်စေချင်ရင် ကျနော်တို့ ဘာလုပ်သင်တယ်ဆိုတာ အမြင်မှန်ရသင့်ပါပြီး အဒီတာဝန်တွေဘယ်သူတွေမှာ ရှိလဲ ဆိုရင် အစိုးရ အတိုက်အခံ မီးဒီယာတွေနဲ့ ပြည်သူအားလုံးမှာတာဝန်ရှိ
ပါတယ် အဒီက ကတော့ ဗျာ အများကြိုးနဲ့ တိုင်ပြည်အကြိုးကိုငှဲကွက်ပြီး တကိုယ်ကောင်းလုပ်ဆောင်မှု့တွေကို 
ရှောက်ဖို့ပါပဲ အထူးသဖြင့် က တော့ မီဒီယာဟာ ယနေ့ မှာ လက်နက်လိုပဲ အသုံးပြုသူရဲ လက်မှာ ထိရောက်မှု့
ရှိပါတယ်ဒါကြောင့် တဖတ်သတ် ဘက်လိုက်မှု့အမြင်နဲ့ ဖေါ်ပြမှု့တွေကို ရှောင်ပြီး မှန်ကန်တဲ့ လမ်းညွှန်ပြသ
မှု့မျီုးနဲ့ အားလုံးအတွက် ဖေါ်ပြသင်ပါတယ် ဘာမှသတင်းမရလို့ ရတဲ့ ဟာဖေါ်ပြပါတယ်ဆိုပြီး  ရိုဟင်ဂျာ အ
ကြောင်းကို အမျီုးသားအရေးပါဆိုပြီး ဖေါ်ပြတာမျီုးတော့  လုံးဝမလုပ်သင့် မလုပ်ထိုက်ပါကြောင်း ................
                                                                                                   ပုံ
                                                                                                        တာရာပွကြီးးးးးးးးး