စုပေါင်းလုပ်ဆောင်ကြစို့

ဒီဘလောဒ်ကို သတင်းရေးဖို့ တည်ထောင်ထားချင်းမဟုတ်ပါ ကျနော်ရဲ အမြင်းလေးတွေ နဲ့ ညီးကိုမောင်နှမတို့ မိတ်ဆွေအားလုံးတို့ရဲ အမြင်လေးတွေကိုဖေါ်ပြ ဖလှယ်နိုင်အောင် ရည်ရွယ်တည်းထောင်ထားခြင်းဖြစ်ပါသည် ကျနော်တယောက်တည်းနဲ့လည်း နေစဉ်ပို့မတင်နိုင်ပါ အမိ မြန်မာနိုင်ငံကိုပျက်စီးရာပျက်စီးကြောင်ကြံရွယ်လုပ်ဆောင်နေတဲ့ ဘလောဒ်များစွာကိုလည်း ချေပရေးသားရန်လိုအပ်နေပါသည် သို့ကြောင်းဝိုင်းဝန်းကူညီးရေးသားကြပါရန်ပန်ကြာအပ် ပါသည် ။
free glitter text and family website at FamilyLobby.com ဆွေးနွေးလိုက Mthitsar.1981 သို့ ဆက်သွယ်ပါ

Monday, 7 November 2011

ကဲဒါတွေကို ဘယ်လိုမြင့်လဲ

ဒီအကြောင်းစုံ ကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဦးစံမိုးဝေက အပြည့်အစုံ တင်ပြပေးထားပါတယ်။
ကုသမဂ္ဂအပါဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာအစိုးရက လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက် နေတာကို ရပ်တန့် သွားအောင် ဖိအားပေးပေးဖို့ ကရင်အမျိုးသား အစည်းရုံး KNU အဖွဲ့က ကြေညာချက် ထုတ်ပြီး တောင်းဆို လိုက်တာဖြစ်ပါတယ်။
အစိုးရ စစ်တပ်က တိုက်ပွဲ ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ လက်နက်ကိုင် တိုက်ခိုက် နေသူ အချင်းချင်း သာမကဘဲ အပြစ်မဲ့ ရွာသူရွာသား တွေကိုပါ သတ်ဖြတ် နေတာတွေ ကြုံတွေ့ နေရတယ်၊ လူတွေ ဒုက္ခရောက် နေကြတယ်၊ ဒါကြောင့် နိုင်ငံတကာကို အကူညီ တောင်းခံရတာ ဖြစ်တယ်လို့ KNU အဖွဲ့ရဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ် မိုင်ရာ ဒါဂေးဖေါ ကပြောပါတယ်။
“International Community ကိုအကူညီတောင်းမယ် ဥပမာ UN တို့ US တို့ EU တို့ပေါ့နော်။ တခုရှိတာကတော့ အစိုးရကို ဖိအားပေးပါ။ အဲဒီအပစ်အခတ် ရပ်စဲရေးကို လုပ်ကို လုပ်သင့်ရမယ်။ အခု သူတို့ရန်သူကို သူတို့ သတ်ပစ်မှာမှ မဟုတ်ပဲ၊ အဲဒီမှာ ရွာသားတွေက ရွာသားတွေက သူတို့ရန်သူ မဟုတ်ဘဲနဲ့ အသတ်ခံရတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် International Community ကတော့ အစိုးရကို ဖိအားပေးတာ လုပ်ပေးရမယ်၊ အပစ်အခတ် ရပ်စဲတာ ရှိကိုရှိရမယ်”
အခုအချိန်မှာ ကရင်လူမျိုးစုနဲ့သာမကဘဲ ကချင်၊ ရှမ်းအစရှိတဲ့ လူမျိုးစု ဒေသတွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကြောင့် အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထု အရေအတွက်ဟာ ၂၀,၀၀၀ ကျော် ရှိနေပြီး ခိုကိုးရာမဲ့ အကူညီမဲ့ ဖြစ်နေကြရှာတယ်လို့လည်း သူကပြောပါတယ်။
“အခုကတော့ ဒို့ကရင်ပြည်နယ် တပြည်နယ်ထဲ မဟုတ်ပဲနဲ့ ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ် တောင်ပိုင်းတို့ မှာလည်း တော်တော် များများ ရှိတယ်။ ပြီးတော့ internally displace တွေလည်း တော်တော် များလာတယ်၊ ပြီးတော့ အဲဒီ ရင်ဆိုင်နေရတဲ့ လူတွေမှာ ဒုက္ခသည် စခန်းထဲ ၀င်ရအောင်လည်း နေရာမရှိ၊ ပြီးတော့ အစားအသောက်တွေ ရဖို့ လမ်းတွေ ဘာတွေကလည်းမရှိ၊ အဲဒီလိုမျိုးကြောင့် ကျမတို့လည်း သူတို့ကိစ္စ စိတ်ပူတာပေါ့နော်”
စစ်ဘေးဒဏ်ခံနေရတဲ့အရပ်မှာ လူသားတွေကို အကာအကွယ်အဖြစ် အသုံးချတာ၊ အတင်းအဓမ္မ အလုပ်စေခိုင်းတာ အဓမ္မပြုကျင့်တာ အစရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံနေကြရတယ်လို့ ဆိုပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ တိုင်းရင်းသားတွေ လူနည်းစုတွေ အတွက် အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ဖိအားပေးကြဖို့လည်း တောင်းဆိုပါတယ်။
“နောက်တခုကတော့နော် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ချင်လို့ ethnic reconciliation မလုပ်ဘူးဆိုရင် ဘာပဲဖြစ်ဖြစ် မြန်မာပြည် နောက်ဆက်တွဲအတွက် ငြိမ်းချမ်းရေးလည်းမရှိနိုင်ဘူး၊ အဲဒါကြောင့် political အနေနဲ့ ထိုင်ပြီးတော့ ဆွေးနွေးကြပါ၊ အဲလိုမျိုးလည်းသူတို့ မလုပ်ချင်ဘူး။ ဒါပေမယ့် အဲဒီလို national reconciliation လုပ်ကို လုပ်သင့်တယ်။ အဲဒါကြောင့် အဲဒီတခုကိုလည်း မြန်မာပြည်အစိုးရကို ကျေးဇူးပြုပြီး ဖိအားပေးပါလို့ အဲဒါလည်း တောင်းဆိုချင်ပါတယ်”
KNU ရဲ့ ကိုယ်စားလှယ် မိုင်ရာ ဒါဂေးဖေါ ပြောသွားတာပါ။
တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သမ္မတကြီး ဦးသိန်းစိန် ထံကို ငြိမ်းချမ်းရေး စကားပြောဆိုဖို့ ကမ်းလှမ်း တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး စကား ပြောဆိုဖို့ ကမ်းလှမ်းတာကို လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် အရှိန်ဟုန်မြှင့်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုနဲ့ တုံ့ပြန်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကပြောပါတယ်။
     
ဘာတွေရှောက်ပြောပြီးတောင်းဆိုနေတာလဲ KNU    အစိုးရက အပြစ်ရပ်ရမယ် ပြီးတော့ကရင်ပြည်နယ်တွေ
ထည်းက တပ်တွေဆုတ်ပေးရမယ်လို့  ဟုတ်လားရယ်စကားပြောနေတာပဲ တပ်လဲတပ်နိုင်ပါတယ်တကယ်
လိုများအစိုးရတပ်တွေအဲနေရာတွေကနေဆုတ်ပေးရင် မင်းတို့KNU တွေဘာလုပ်မှာလဲ  အဲနေရာတွေကိုဝင်
လာပြီး  သစ်ခိုးမယ် မဟုတ်လားပြီး ရင် တပ်မတော်နဲ့ ပြည်သူကို ချောင်းမြောင်း ပစ်ခတ်သတ်မယ်မဟုတ်
လား ဒါမျီုးတွေရိုးနေပြီး ကွ မင်းတို့အင်အားရှိချိန်တုန်းကလဲ ဘာမှ တိုင်ပြည်အကြိုးကိုလုပ်ခဲ့တာမဟုတ်ဘူး 
ရွာလုံးကြွတ် မီးရို့သတ်ဖြတ်မှု့တွေ   ပဲလုပ်ခဲ့တာမဟုတ်လား   ဥပမာပြောရရင်  1949ခုလောက်က ဖြူးတမြို့
လုံးကို မင်းတို့သတ်သွားတာကိုလဲ ကုလ ကိုထည့်ပြောပြဦးလေးကွာ ခုမင်းတို့ ရဲ တထောင်တောင်မပြည့် အ
ဖွဲ့ ကို ဘယ်နေရာမှ အရေးအရမလုပ်တော့ဘူးကွ သန်းခြောက်ဆယ်လောက်ရှိတဲ့ မြန်မာပြည်အရေးကို မင်း
တို့ တထောင်မပြည့်တဲ့ အစွန်ရောက် သခိုးတွေ ၀င်စွတ်လို့မရတော့ပါဘူး ကွာ  လုပ်သင့်တာက မင်းတို့ တွေ
အစိုးရစီးမှာ မှားပါတယ် ဆိုပြီး  ၀င်ခံ ထောင်ထည်းမှာ အနှစ်30 လောက်နေ ပြီးမှာ တိုက်ပြည်ကို ကူညီရင် 
ဒီဘ၀မိုက်ပြစ်တွေ ကျေနိုင်ပါတယ် ဟားဟားးးးးးးးးး 
                                                                               ပုံ
                                                                                      ဂျီဖိုးးးးး.........




































Sunday, 6 November 2011

သတိရပ်သင့်ပြီ

                    ယနေ့ အစိုးရကို လက်နက်ကိုင်တောလှန်နေတဲ့  သက်တမ်းအရှည်ကြာဆုံး အဖွဲ့ အစီးတခုအကြောင်းကိုကိုဆွေးနွေးလိုပါတယ်တယ်  KNU ဟာ အစိုးရကို  1949 ခုနှစ်ကနေပြီး တော်လှန်ပုန်
ကန်လာတဲ့ အဖွဲ့ဟာ  ဦးနုလက်ထက်မှာ ကရင်တွေဟာ ဧရာဝတီတိုင် တနင်္လာရီးတိုင်း  ပဲခူးတိုင်းနဲ့ တောင်ငူ
ပေးရမယ်လို့ အရေးဆိုခဲ့ဘူးပါတယ် ကဲ အဲတာဟာ ဖြစ်သင်ပါသလားခင်များ  
                                    ပြီးတော့ ထောက်ပြစရာတခုပြေချင်တာက ယနေ့အစိုးရဟာ ကရင် သူပြည်ရွားသား
တွေသတ်ဖြတ်နေပါတယ်  ဆိုပြီး နိုင်ငံခြာ အင်တာနက်စာမျက်နှာတွေကနေ ကြယ်ကြယ်လောင်လောင် အ
သံကောင် ဟစ်ပြီး အစိုးရကို  နိုင်ငံတကာဖိအားပေးဖို့ လုပ်ဆောင်နေပါတယ်  အသားထည်းကလောက်ထွက်
ပြီး နိုင်ငံကိုသစ္စာဖောက်နေတာတွေရပ်တမ်း ရပ်သင့်နေပါပြီး  သမိုင်းမှာ ဖြူးမြို့ တမြို့လုံးက ပြည်သူတွေကို 
သံတိတ် သတ်ဖြတ်သွာတာကို  ယနေ့ ပြည်သူကိုသတ်နေပါတယ်ဆိုပြီးအသံကောင်းလွင့်နေတဲ့ KNU ဘယ်
လိုဖြေရှင်းချက်ပေးချင်ပါသလဲ  ပြီးတော့ ကျနော်ဟာ စစ်သားတယောက်မဟုတ်ပေမဲ  စစ်တပ်နားမှာ နေခဲ့ 
ဘူးတော့ ကရင်ပြည်နယ်စစ်ဆင်ရေးတွေမှာ  စစ်သားတွေတွေ့ကြုံရတဲ့ အကြောင်းအရာမြိုးဆုံအောင်ကြာဖူး
နာဝရှိနေပါတယ် အဲတာတွေကတော့  မြန်မာစစ်သားတွေကို ကရင်ရွာတွေမှာ အရပ်သား နဲ့ ရောနေတဲ့ က
ရင် ပြောက်ကျားတွေ ဟာ ဘယ်လိုရက်ရက်စက်စက်သတ်တယ်  ဆိုတာတွေပါပဲ ယနေ့ yutu ဗွီဒီယိုဝက်ဆိုဒ်
တွေမှာလဲ နယ်မြေမကျွမ်းကျင့်တဲ့  မြန်မာစစ်သားတွေ ချောင်းမြောင်းချုံခို သတ်ဖြစ်နေတာတွေကို  KNU  
တွေ ဂုဏ်ယူဝင့်ကြွားစွာတင်ပြထားပါတယ်  သူတို့လုပ်ရပ်ဟာ အပြောနဲ့ အလုပ်မညီပါဘူး တကယ်လဲ မြန်မာ
စစ်သားတွေဟာ ကရင်းရဲ လူမျီုးရေးအစွန်ရောစွဲတွေကြာမှာ အသက်ပေါင်းမြောက်များစွာ စတေးခဲရပါတယ်
တိုင်းပြည်ချွတ်ချုံကြနေတဲ့ အချိန်မှာ တိုင်းပြည်အတွက် ဘာတခုမှလုပ်မပေးဖူးတဲ့ KNU ဟာ နိုင်ငံပိုင်သစ်
တွေ သတ္ထုတွေ ကိုခိုးပြီး နိုင်ငံရဲ ရန်ဖတ်နိုင်ငံ ဖြစ်တဲ့ ယိုဒယားကနေ လက်နက်ဝယ်ပြီး တိုင်းပြည်ကိုပြန်ပြီး
ဒုက္ခရောက်အောင်လုပ်နေပါတယ် အဲသစ္စာဖေါက်လုပ်ရက်တွေကြောင့် သင့်တို့ မြန်မာပြည်မမှာ ဘယ်တော့ မှ ရပ်တည်လို့ မရနိုင်ဘူးဆိုတာ သိနေတဲ့ ကေအန်ယူဟာလည်း  မြန်မာပြည်မ ကထောက်ခံမှု့ကိုယူပြီး ရွေး
ပွဲဝင်ရေး လွတ်တော်တတ်ရောက်ဆွေးနွေးရေးကိုမလုပ်ပါဘူး  အဖြတ်စီး သက်သက် အဖြစ်ပဲ တိုင်းပြည်က 
လုံးဝအုပ်သုံခွဲထွက်ရေး  လမ်းစဉ်ကိုပဲ ကျင့်သုံးရင် အသူရာခြောက်ထဲကိုခုန်ချနေပါတယ်  ပြည်မီဒီယာတွေ
တွေကလဲ တိုင်ပြည် ရဲ အကျိုးကို ကြည့်ချင်းအားဖြင့်  ဒီလို  သစ္စာဖောက်အဖွဲ့ အစီးတွေအရေး ကို  မဟုတ်မ
မှန်လုပ်ကြံဇတ်လမ်းစဉ်ပြီး  စွတ်စွဲအော်ဟစ်နေတာတွေကို   ကိုယ်သက်သာချေင်ချီစွာရပ်တည်ရေ  ကိုယ်
ကောင်းစားရေုးကိုပဲ ထည့် တွက်ပြီး  အလေးထားဖေါ်ပြနေတာတွေဟာ တိုင်ပြည်ကိုတနည်းအားဖြင့် သစ္စာ
ဖေါက်နေတာပါပဲ နောက်ပြည်ပရောမီဒီယာတွေ အစိုးရကို ဝေဖန်တိုက်ခိုက်တဲ့ နေရာမှာလမ်းမှန်ဖို့   လိုပါ
တယ်  အစိုးရကို ကောင်းတယ်လိုမပြောလိုပါဘူး သို့သော်  အစိုးရကိုတိုက်ခိုက်ချင်တာနဲ့ တိုင်ပြည်ကောင်း
စိုးကြိုး ဂုဏ်သိပ်ခါကို ထည့် မတွက်ပဲ  ရေးချင်တာရေးသားချင်တာသားတာကတော့ မဖြစ်သင့်ပါဘူး  ဥပမာ
အား ဖြင့် KIO ကိုစစ်အစိုးရတပ်တွေ ရက်ရက်စက်စက် ထိုးစစ်စင်နေပါတယ် ကချင်ပြည်သူတွေ ဒုက္ခရောက်
နေပါတယ် ဆိုပြီး အစိုးရ မကောင်းကြောင်း ဦးစားပေးရေးသားကြပါတယ်  ထိုနည်းအတူပဲ့ SSA ကိုဘယ်လို 
အစိုးရက ထိုးစစ်ဆင်နေပါတယ်ပေါ့    အဲဖေါ်ပြတဲ့နေရာမှာ စဉ်စားသင်တာက  SSAက ဘယ်လိုအဖွဲ့မျီုးလဲ 
KIO ကဘယ်လိုအဖွဲ့ မျီုးလဲ  ဆိုတာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ် ဘာလို့လဲ ဆိုတော့ ကျနော်တို့  SSA
တောင်ပိုင်း  ရွတ်စစ်ဦးဆောင်တဲ့ အဖွဲ့ နည်းနည်းလေ့လာရအောင်ပါ    SSAတောင်ပိုင်းအဖွဲ့ရဲ့ သမိုင်း ကြည့်
ရင်  ခွန်စာရဲ MTAဘိန်းအဖွဲ့ ၁၉၉၆ မှာလက်လက်ချစဉ်က ခွဲထွက်ခဲ့ တဲ့အဖွဲ့ ပါ  ပြီး တော့ ဒီအဖွဲ့ ဟာ မြန်မာ
ပြည်တပ်မတော်ကို တိုက်ခိုက်ယုံတင်မကပါဘူး  တိုင်ပြည်ကို လဲ အကြီးစားသစ္စာဖေါက်ခဲ့ပါတယ်  ၂၀၀၁ခု
နှစ်လောက်က  ယိုဒယားနဲ့ ပေါင်းပြီး  ပုံတောင်ပုံညာဒေသမှာ တိုင်ပြည်မြေကိုယိုဒယားတပ်တွေထိပါးတပ်စွဲ
လာနိုင်သည်အထိ ကူညီးရင်  အမတန်မှ ရာဇ၀င်၇ိုင်းလောက်အောင် သစ္စာဖေါက်ခဲ့ ပါတယ်  အဲအဖွဲ့ အစီးက
ပြောတဲ့ စကားကိုကြည့်ပါဦး    ပင်လုံ ကိုပြန်မသွားသရွေ့ ယမ်းငွေ့ ဝေနေဦးမယ်တဲ့  လုပ်တဲ့ လုပ်ရပ်နဲ့  ပြော
တဲ့ စကားဟာ  လုံးဝတန်ဖိုးရင် ကွာခြားလှပါတယ် KIO ဆိုသည်ကလဲ ၁၉၆၁  သူများလက်နက်ကိုင်ရင် ဒို့လဲ
လက်နက်ကိုင်မယ်ဟေ့ ဆိုပြီး  ရှမ်းပြည်မြောင်ပိုင်းမှာ စတင်ဖွဲ့ စီးခဲ့ တဲ့ အဖွဲ့ အစီးပါ  တိုင်ပြည်ကို အကြိုးမပြု
ဘူးပါဘူး   သို့ သော် အစိုးရသည် သူတို့ အပေါ်များစွာ သိခံ ခွင့် လွှတ်နားလည်းပေးထားပါသည် ရွေးကောက်
ပွဲ ၀င်ပါ  လွတ်တော်မှာဆွေးနွေးပါ ဆိုပြီး အခွင့်အရေးတွေပေးပြီး  ငြိမ်းချမ်းရေးစကားပြောနေပါတယ်  ရလေ
အိုလေ ထိုတစ္ဆေများကတော့ ဖြင့် ခုထိမိုက်တွင်းနက်နေတုံပဲ ဖြစ်ပါတယ် ဘာမှ ပြေဇူးမပြုဘူးတဲ့ သူကို တိုင်ပြည်သော်လည်းကောင်း  ပြည်နယ်ကိုသော်လည်းကောင်း ထိုးအပ် အုပ်ချုပ်ခွင့် ပေးနိုင်စရာမရှိပါ  တိုင်း
ပြည်အကျိုးနည်းစရာသာ  ဖြစ်နိုင်ချေရှိတော့သည်။ တိုင်းရင်သားတွေအတွက် ခုအစိုးရပေးထားသောအခွင့်
အရေးတွင် သမတ္တတောင်ဖြစ်ခွင့် ရှိပါသည် ။က၇င်လည်းက၇င်အလျှောက် လူထုထောက်ခံမှု့ကို ယူမယ်  ပါ
တီဖွဲ့ ပြီး အစိုးရဖွဲ့ ၀င်ပြိုင်မယ်  ကချင်လည်းထိုးနည်းလည်းကောင်း ၀င်ပြိုင်ပြီး အစိုးရနေရာ ကို ထိုက်ထိုက်
တန်တန်သာ မျော်မှန်းသင်ပါတယ်  လက်နက်ကိုင်လူသတ်ပြီး တော်လှန်နေတာတွေရပ်သင့်ပါပြီး လို့ တင်ပြ
ရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
                                                       လေးစားစွာဖြင့်  
                                                                                တောသားငပေ